Khit Thit သတင်းဌာန၏ ဇူလိုင် ၂၄ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

704,567
0
2024-07-23に共有
Khit Thit သတင်းဌာန၏ ဇူလိုင် ၂၄ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇူလိုင် ၂၄ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်အတွင်း စစ်ကောင်စီတပ်တွေထဲက ဒုတိယဗိုလ်မှူးကြီး ၁ ဦး၊ ဗိုလ်မှူး ၂ ဦး၊ ဗိုလ်ကြီး ၅ ဦး တို့ ဦးဆောင်ကာ စုစုပေါင်း တပ်ဖွဲ့ဝင် ၃၁၇ ဦး MNDAA ဆီမှာ လက်နက်ချ အလင်းဝင်လာတယ်လို့ MNDAA က သတင်းထုတ်ပြန်ပါတယ်။
- ကျောက်မဲမြို့နယ်နဲ့ မိုးကုတ်မြို့နယ်တို့မှာ ဖြစ်ပွားတဲ့တိုက်ပွဲတွေအတွင်း အကြမ်းဖက်စစ်သား အလောင်း ၇၀ နဲ့ လက်နက် ၉၀ ကျော် သိမ်းဆည်းရရှိခဲ့တယ်လို့ TNLA က ပြောပါတယ်။
- အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မြင့်ဆွေဆီကနေ ယာယီသမ္မတရာထူး လွှဲပြောင်းရ ယူမှုဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ဖြစ်တယ်လို့ အကြမ်းဖက်ဇော်မင်းထွန်းက ထုတ်ပြန် ပြောဆိုလိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

コメント (21)
  • လူနပ် ချမ်းသာ လူမိုက် ငရဲသွား အလင်းဝင်သူ အားလုံးကို လေးစားတယ် 👏👏👍
  • ဒီဒုဗိုလ်မှုးကြီးအတွေးခေါ်အမျှော်မြင်ရှိတဲ့သူဘဲ သူ့ဆုံးဖြတ်ချက်ဟာ လက်အောက်ငယ်သားတွေရဲ့အသက်ကိုကယ်တင်လိုက်တာဘဲ ကျေးဇူးကြီးမားလှပါပေတယ်
  • စကစကစစ်သည်များအားလုံး မအလ အာဏာရူးအောက်မှာအသက်သေပေးရတာထက် ပြည်သူအများချစ်ခင်အားပေးတဲ့ပြည်သူ့တော်လှန်ရေးအဖွဲ့မှာအသက်ရှင်သန်ရတာကပိုမြတ်ပါတယ်
  • ပြည်သူချစ်စေချင်ရင် ပြည်သူနဲ့သာပူးပေါင်းကြပါ ပြည်သူသာအမိ ပြည်သူသာအဖ လေးစားထိုက်သူများ ဖြစ်ကြပါစေ
  • ၃၁၇ ဦး... သန်မဒသစ်ကြီးကို ဂုဏ်ပြုလိုက်ခြင်း..။
  • ကောင်းလိုက်တဲ့အတိတ်နမိတ် ခွေး​အောင်လှိုင်ကသမ္မတတတ်ဖြစ်သူ့အသက်က၆၈ လားရှိုးက၆၈ခွေးစစ်တပ်စခန်းလည်ကျရှုံးသွားတယ်
  • ၁၀၂၇ စစ်ဆင်ရေးကြီးမရပ်တန့်ပဲအရှိန်ကောင်းကောင်းနဲ့ပူးပေါင်းတိုက်ခိုက်ကြဖို့မေတ္တာရပ်ခံအပ်ပါသည်။
  • စစ်သာတွေကိုအကုန်သက်ပြီး မသာကိုယ်စလယ်ကိုလည်းသူပဲယူထားတာ ဒါကိုလည်းစစ်သားတွေကနားမလယ်နိုင်ကြဘူး သေပေးနေကြတယ် နာလယ်ကြပါတော့ ဆက်သေပေနေအုန်းမှလား စဥ်စားကြပါတော့ အိုအသေခံလူသားများ အပေါင်တို့။
  • လက်နက်ချအလင်းဝင်317ယောက်။ မအလသေမဲ့ရက်31ရက်နေ့7လပိုင်း
  • ရဲစခန်းအပြင် မတရားရုံးများကိုလဲ ရှင်းဟေ့။
  • ယုတ်မာလိုက်တာကွာ မီးသတ်ဖို့တောင်ရေဖျက်တောက်တယ်ဆိုတော့ ခွေးတရိစာန် တွေ ပြည်သူစိတ်ထဲ နာကျည်းချက်က ပိုများလာပြီ လူမဆန်တဲ့လုပ်ရပ်တွေ များပြားလာပြီ...
  • @ACE-v14up
    အတူတွဲတိုက်ဖို့ ယုံရပါ့မလား? သတိလက်မလွတ်‌ကြနဲ့နော်၊ဂရုစိုက်ပါ ကလေးတို့❤
  • ကျက်သရေရှိလိုက်တာ အမြင်မှန်တွေရကုန်ကြပြီ၊ကဲကျန်တဲ့အရာရှိတို့ရေတပ်မလိုက်သာအလင်းဝင်လိုက်ကြတော့၊နောက်ကြတဲ့ခြေထောက်သစ္စာဖောက်ပဲနော်✌✌✌👍👍👍💪💪💪
  • သူတို့ ပြန်တိုက်မယ်ဆိုတာယုံကြည်ရရင်တော့ကောင်းသားး ပြန်တိုက်ဖို့ လက်နက်ပေးထားရမှာတော့ နည်းနည်း လန့်
  • အလင်းဝင်ပူးပေါင်းလာသော ဗိုလ်မှူးကြီးနဲ့ အရာရှိအရာခံတပ်သားများအားလုံးအား လေးစားပါ၏။
  • ကောင်းလိုက်တဲ့သတင်း၊နားဝင်ကိုချိုနေတာပဲ၊ဒီထက်မကအလင်းဝင်နိုင်ကြပါစေ(၊300)မှသုံးထောင်၊သုံးသောင်းအထိအလင်းဝင်ကြပါ၊ပြည်သူတွေကသောင်းသောင်းဖျဖျကြိုဆိုနေပါတယ်၊အရေးတော်ပုံနိုင်ကိုနိုင်ရမည်👍👍👍💪💪💪💪
  • သူလူ ကိုဘက်သာ ဖြစ်နေမယ် သတိ ထားကြပါ လူသားတွေ အားလုံး ဘေးကင်းနိူင်ကြပါစေ
  • ဒီအသက်ရွယ်ထိ ဒီဝန်းကျင်မှာနေလာတဲ့သူက ချက်ချင်းပြန်တိုက်မယ်ပြောတာဟာ ဘယ်လိုမှ မယုံကြည်ရပါ
  • ဒုတိယဗိုလ်မှူးကြီးကတော့လူ့အသက်များစွာကိုကယ်တင်လိုက်တဲ့အတွက်လေးစားပါတယ် အဓိပ္ပါယ်မရှိတဲ့ပေးဆပ်မူတွေကလူ့အသက်‌ တွေနဲ့မတန်ပါဘူး ရူးတဲ့လူကအဆုံးထိရူးပြီးအဆုံးသတ်တဲ့နေ့ကမလွဲမသွယ်ကျရောက်လာမှာမို့ လူ့အသက်တွေမဆုံးရှုံးစေချင်ပါဘူး စစ်ပွဲတွေမြန်မြန်ပြီးဆုံးအောင်မြင်ပါစေ
  • အကြမ်းဖက် စစ်ကောင်စီမြန်မြန်ရှုံးမှဖြစ်မှာ